Internet in Myanmar
⚠️ First published in 2019. Some figures may be outdated.

5G နည်းပညာက တကယ်ပဲ အမြန်ဆုံးဖြစ်နိုင်မှာလား

By Anna · · 11 min read

⚠️ First published in 2019. Some figures may be outdated.

ဖုန်းကုမ္ပဏီတွေက 5G နည်းပညာအသစ်အတွက်တဖြည်းဖြည်းနဲ့ ပြင်ဆင်မှုတွေပြုလုပ်လာကြပါတယ်။  ဒါပေမယ့် တစ်ခုစဉ်းစားစရာရှိတာကတော့ 5G သာတကယ်သုံးလို့ရလာရင် ကျွန်တော်တို့ထင်သလောက်မြန်ပါ့မလားဆိုတာပါပဲ ။ မဖြစ်မနေသိထားရမှာတွေကတော့ -

ကမ္ဘာပထမဆုံး ကြိုးမဲ့စနစ်ကို ၁၉၈၆ စတင်ခဲ့တာကြောင့် ဆယ်စုနှစ်တစ်ခုကြာတိုင်း အသစ်တစ်ခုစီဖန်တီးနေတယ်လို့ ယူဆလို့ရပါတယ်။ ပထမဆုံး 1G စပေါ်လာခါစက ဖုန်းပြောရုံပဲသုံးလို့ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စာပို့လို့ရလာပါတယ်။၂၀၀၀ ခုနှစ် နှစ်အလယ်လောက်မှာ မိုဘိုင်းလ်အင်တာနက်စပြီးသုံးလို့ရလာပါတယ်။ နောက် ၁၀ နှစ်လောက်ကြာမှ 4G ပေါ်လာပြီး Video Streaming အတွက်ပါသုံးလို့ရလာပါတယ် ခင်ဗျာ။

ယခုနှစ်မှာတော့ အမေရိကန်နိုင်ငံရဲ့ အဓိကဖုန်းကုမ္ပဏီ ၄ ခုက 5G နည်းပညာအသစ်အတွက် စတင်လှုပ်ရှားနေကြပါပြီ ခင်ဗျာ။ 5G နည်းပညာနဲ့ ပတ်သက်ပြီး သူတို့ပြောထားတဲ့အတိုင်း တကယ်ပဲ အမြန်နှုန်းမြှင့်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

5G နည်းပညာက တကယ်ပဲ အမြန်ဆုံးဖြစ်နိုင်မှာလား

တကယ်တော့ 5G နည်းပညာဆိုတာ ဖုန်းနဲ့ပဲဆိုင်တဲ့ နည်းပညာသက်သက်တစ်ခုတော့လည်း မဟုတ်ပါဘူး။ 5G နည်းပညာဟာ တစ်ချိန်ချိန်မှာ အိမ်သုံးကြိုးတပ်အင်တာနက်တွေအစား နေရာယူလာနိုင်တဲ့ အထိဖြစ်လာနိုင်ပါသေးတယ် ။ ဆက်သွယ်ရေးနည်းပညာရှင်တစ်ဦး ဖြစ်တဲ့ Chris Lane ပြောကြားချက်အရ 5G နည်းပညာဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုပြီး ခေတ်မီလာစေနိုင်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ” အရာအားလုံး 5G ကွန်ရက်ထဲမှာ အချိတ်ဆက်မိလာမှာပါ “ လို့သူကပြောပါတယ်။

အဓိကသုံးနေတာက ဘယ်နည်းပညာတွေများလဲ။

ဆယ်လူလာဖုန်းတွေကို စကားပြောဖို့အတွက် အင်တာနက်သုံးဖို့အတွက် ဆိုပြီး Radio Wave တွေကတစ်ဆင့်ဆက်သွယ် အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ ။ ဒါပေမယ့် အခုလာမဲ့ 5G မှာတော့ ခါတိုင်း 4G မှာထက်ပိုပြီး wavelength တွေကတော့ ပိုနည်းလာမှာပါ။ ဒါပေမယ့် 5G tower တိုင်တွေကတော့ 4G ထက်ပိုပြီးခရီးရောက်လာမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ အထူးသဖြင့် အမြန်နှုန်းကပိုပြီးသိသာလာမှာပဲဖြစ်ပါတယ် ခင်ဗျာ။

အမြန်နှုန်း ဘယ်လောက်ထိရှိမလဲ

အရင်ဆုံး 5G Signal ရဲ့ ကြာချိန်ကစပြောချင်ပါတယ် ခင်ဗျာ။ Signal ရဲ့ တာဝါတိုင်ကနေ အင်တာနက် Device ကိုကြာချိန်က ၅၀ မီလီစက္ကန့် နဲ့ အဲ့သည်ထက် ပိုနည်းနိုင်ပါသေးတယ် ။ အဲ့လိုကြာချိန်က ပိုနည်းလေ ကျွန်တော်သုံးနေတဲ့ အင်တာနက်လိုင်းကလည်း ပိုမြန်လာမှာပါခင်ဗျာ။ ဘယ်လောက်ထိမြန်နိုင်သလဲ ဆိုရင် ၁ စက္ကန့်ကို 1GB ထိ ဒါမှမဟုတ် အဲ့သည်ထက်ပိုမြန်နိုင်ပါသေးတယ် ခင်ဗျာ။ အဲ့လောက်ထိ မြန်မယ်ဆိုရင်တော့ ပုံမှန်ရုပ်ရှင်ဇာတ်ကားတစ်ကားကို download လုပ်ရင် စက္ကန့် ၂၀ ကနေ အလွန်ဆုံး ၆ မိနစ်လောက်ထိပဲ ကြာတော့မှာပါခင်ဗျာ။ ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များရဲ့ ပြောဆိုခန့်မှန်းချက်အရ 5G အင်တာနက်က လက်ရှိ 4G အမြန်နှုန်းထက် အဆ ၂၀ လောက်ထိမြန်လာနိုင်တယ်လို့သိရပါတယ် ခင်ဗျာ။ အင်တာနက်အမြန်နှုန်းကိုတော့

Myanmar internet censorship ** အမြန်နှုန်း တစ်ခုတည်း ကွာခြားသွားမှာလား…**

ဟုတ်တယ်လို့ ပြောလို့ရသလို မဟုတ်ဘူးလို့လည်းပြောလို့ရပါတယ် ။ ဘာလို့လဲဆိုတော့ 5G Network ကို လူအများစုက မိုဘိုင်းလ်ဖုန်း အင်တာနက်အတွက် အဓိကသုံးကြမှာမို့လို့ပါ ခင်ဗျာ။ ပြောရမယ်ဆိုရင် အသုံးပြုတွေရဲ့ ၉၀% က ဗွီဒီယိုကြည့်ဖို့အတွက် အသုံးပြုကြတာများပါတယ်။ တကယ်တမ်းကြတော့ ဘာတွေထပ်ပြီး သုံးလို့ရဦးမှာလည်းဆိုတော့ မောင်းသူမဲ့အိမ်စီးကားစနစ်တွေ ကုန်တင်ကားစနစ်တွေ တည်နေရာရှာဖွေရေးစနစ်တွေအပြင် ဒရုန်းတွေကတေလည်း ဗီဒီယိုတွေ မြေပုံအညွှန်းအတိအကျတွေအထိ ပို့လို့ရလာမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခုနက ကျွန်တော်ပြောသလိုပဲ 5G နည်းပညာက မိုဘိုင်းအင်တာနက်ဈေးကွက်အတွက် အဓိက အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းတာအနေနဲ့ဆိုရင်တော့ ၂၀၂၀ မှပဲ 5G ကိုအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ် သို့ပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ကုမ္ပဏီ ၄ခု ကတော့ ၂၀၁၉ ခုနှစ်အတွင်း 5G အသုံးပြုလို့ရအောင်လုပ်ဆောင်သွားမယ်ဆိုပြီး ကြွေးကျော်ထားပါတယ် ခင်ဗျာ။

ဟုတ်ပါ့မလား ဖြစ်နိုင်ပါ့မလား ဆိုတာကတော့ တွေးစရာရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ယူဆချက်အရ ၂၀၂၃ ခုနှစ်အထိ 5G ကိုအပြည့်ဝသုံးလို့ရဦးမှာမဟုတ်ပါဘူးလို့ သိရပါတယ်ခင်ဗျာ။ ဒါ့အပြင် 5G ရဲ့ အမြန်နှုန်းကိုအပြည့်အဝသုံးဖို့အတွက် ကျွန်တော်တို့ ဒေါ်လာ ၂၀၀ ၃၀၀ လောက် ဖုန်းအတွက်ထပ်ပြီးသုံးရဦးမှာကတော့ အသေအချာပါပဲ။

AF

Anna is a journalist specializing in Myanmar's media landscape, digital rights, and internet freedom. She has closely followed the military junta's systematic censorship of online information since the 2021 coup.