Google Play Store ရဲ့ VPN ကန့်သတ်ချက်ကို ဘယ်လိုကျော်လွှားကြမလဲ
⚠️ First published in 2019. Some figures may be outdated.
တကယ်လို့ မြန်မာနိုင်ငံမှာ Android ဖုန်းသုံးနေတဲ့သူတစ်ယောက်ဆိုရင် ဒီစာသားလေးကို မကြာခဏ ကြုံဖူးပါလိမ့်မယ်။
This Item Isn’t Available in Your Country
အဲ့ဒီစာသားမြင်တိုင်း စိတ်ရှုပ်တာတော့အမှန်ပဲ။
အဲ့ဒါကြောင့် ကျွန်တော်တို့ Internet In Myanmar က VPN ဘယ်လိုကျော်ရမလဲဆိုတာကို လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေ နှင့် တဆင့်ချင်းပြောပြပေးသွားမှာပါခင်ဗျာ။
VPN software ကို စပြီးအသုံးပြုလိုက်ပြီဆိုတာနဲ့ Google ကကျွန်တော်တို့ ရှိနေတဲ့ နိုင်ငံအမှန်ကို မသိရတော့ပါဘူး။ ဒါ့အပြင် VPN ကို ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ဖွင့်လို့ပိတ်လို့ရပြီး အချိန်တိုင်းဖွင့်ထားစရာလည်း မလိုပါဘူး။ တကယ်လို့ မြန်မာနိုင်ငံမှာ မရနိုင်တဲ့ application တွေကို download လုပ်မယ်ဆိုမှသာ ဖွင့်ထားရုံပါပဲ ။
အလကားရနိုင်ပေမယ့် လုံခြုံမှု ရှိမရှိစစ်သင့်တဲ့ VPN Software များ
VPN software တွေအနေနဲ့ ဝန်ဆောင်ခဘာမှမပေးရဘဲ ရှိသမျှ function အကုန်သုံးလို့ရတဲ့ software နှင့် ဝန်ဆောင်ခပေးမှ function အကုန်သုံးလို့တဲ့ software ဆိုပြီး အဓိကအနေနဲ့ နှစ်မျိုးခွဲလို့ရပါတယ်။
ပထမဦးဆုံး ပြောချင်တာကတော့ လွယ်လွယ်ကူကူ ရနိုင်တဲ့ free VPN software တွေအကြောင်း ဖြစ်ပါတယ် ။ software အကုန်လုံးကသုံးဖို့အဆင်ပြေနေတတ်ပေမယ့် သတိထားပြီးသုံးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဝန်ဆောင်ခမပေးရတဲ့ software တွေက ရှိသမျှလုပ်ဆောင်ချက်တွေအကုန်သုံးကို သုံးခွင့်ပေးထားပြီး ကိုယ်ပိုင်အချက်လက်တွေကို မသိအောင်ယူလေ့ရှိပါတယ်။ အဲ့ဒါကြောင့် တတ်နိုင်သမျှမသုံးဖို့အကြံပေးချင်ပါတယ်။
ဝန်ဆောင်ခပေးရတဲ့ software တွေကတော့ အဓိကလုပ်ဆောင်ချက်တွေကလွဲရင် အကုန်တော့သုံးလို့မရပါဘူး။ တကယ်လို့ adblocking ဝန်ဆောင်မှုလိုမျိုး ဝန်ဆောင်မှုတွေပါ သုံးမယ်ဆိုရင် ဝန်ဆောင်ခကောက်ခံမှာပါ။ ဒါပေမယ့် သုံးရတာတော့လုံခြုံမှုရှိပါတယ်။
အခုပြောပြမှာကတော့ ကျွန်တော်သုံးလေ့ရှိတဲ့ စိတ်ချရတဲ့ VPN software ၂ ခုအကြောင်းဖြစ်ပါတယ်။
TunnelBear ဆိုတဲ့ Canada က VPN software application အကြောင်းကို အရင်ဆုံးပြောပြချင်ပါတယ်။ ဒီ software ကိုသုံးပြီးတော့ တနေ့ကို 500MB လောက် VPN ကျော်ပြီးသုံးလို့ရပါတယ်။ ပြောရမယ်ဆိုရင် 500 MB ဆိုတာ play store ကနေ application download လုပ်ဖို့အတွက်တော့ တော်တော်ကြီးကို လုံလောက်နေပါပြီ။
နောက်တစ်ခုကတော့ Windscribe VPN Software ပါ။ သုံးရတာလွယ်ကူပြီး တစ်လကို 10GB အထိ ဝန်ဆောင်ခပေးစရာမလိုဘဲ သုံးလို့ရပါတယ်။
တကယ်လို့ Windscribe ကိုသုံးမယ်ဆိုရင်တော့ ဒီနည်းလမ်းအတိုင်းလုပ်ဆောင်ပေးရပါမယ်။
ပထမအဆင့် - Windscribe software ကို Play Store ကနေ download လုပ်ပြီး install လုပ်ပါ။ ပြီးရင် အကောင့်ဖွင့်ပါ။
နောက်တစ်ဆင့်အနေနဲ့ Play Store မှာရှိတဲ့ data တွေကို ပုံကအတိုင်း ရှင်းပစ်ရမှာပါ။
Settings > Apps> Google Play Store > Clear Data then Clear Cache and Stop.

Clear Cache, Data and Stop Play Store
ပြီးရင်တော့ Winscribe ကိုဖွင့်လို့ရပါပြီ။
အဲ့ဒါပြီးရင်တော့ သင့်တော်တဲ့နိုင်ငံ ကိုရွေးလို့ရပါပြီ ။ (ဥပမာ - United States)

အဲ့ဒီအဆင့်ကိုရောက်ပြီဆိုရင်တော့ Play Store ရဲ့ location မှာ US ကိုရောက်သွားပါပြီ။
software သုံးလို့အဆင်ပြေလား မပြေလား သိရအောင် Spotify Account ဖွင့်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် မြန်မာနိုင်ငံမှာ သုံးလို့မရတဲ့ software တစ်ခုခုကို play store မှာ ရှာကြည့်တာပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ပါ။
ပုံထဲကအတိုင်းမြင်ရပြီ ဆိုရင်တော့ အောင်မြင်သွားပါပြီ။

Voila ! You can access Hulu like in US
တကယ်လို့ VPN မပါဘဲ play store မှာရှာခဲ့မယ်ဆိုရင် အလွယ်တကူမရနိုင်ပါဘူးဆိုတဲ့အကြောင်းပေါ်နေပါလိမ့်မယ်။
အခုဆိုရင်တော့ VPN application ကျေးဇူးနဲ့ မြန်မာနိုင်ငံမှာ အသုံးပြုလို့မရသေးတဲ့ Spotifyကနေ နိုင်ငံတကာကသီချင်း (HQ) တွေကို တဝကြီးနားထောင်လို့ရပါပြီ။ ဒါ့အပြင် Netflix ကနေလည်းရုပ်ရှင်တွေ တဝကြီးကြည့်လို့ရပါပြီ ခင်ဗျာ။
Anna is a journalist specializing in Myanmar's media landscape, digital rights, and internet freedom. She has closely followed the military junta's systematic censorship of online information since the 2021 coup.