Internet in Myanmar
⚠️ First published in 2019. Some figures may be outdated.

Cookie TV App အပေါ် User တစ်ယောက်အနေနဲ့ ဘယ်လို မြင်သလဲ

By Anna · · 12 min read

⚠️ First published in 2019. Some figures may be outdated.

Entertainment နဲ့ သက်ဆိုင်တဲ့ App တွေ မြန်မာပြည်အတွက် အပြိုင်းအရိုင်းထွက်ပေါ်နေတဲ့အချိန်မှာ Cookie TV ကလည်း တစ်ခုအနေနဲ့ အပါအဝင် ဖြစ်ခဲ့ပါတယ်။ Cookie TV ဆိုတာ တိုက်ရိုက် TV အစီအစဉ်တွေနဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို အချိန်မရွေးနေရာမရွေးကြည့်ရှုနိုင်တဲ့ Mobile TV App ဖြစ်ပါတယ်။

cookie TV google play store

ဒီနေရာမှာ သုံးရတဲ့ ခံစားချက်နဲ့ အတွေ့အကြုံကိုပဲ ပြန်ပြောပြပါ့မယ်။ App အနေနဲ့ဆိုရင်တော့ iOS အတွက်ရော၊ Android အတွက်ရော ရှိနေပါတယ်။ Sign Up လုပ်ရတာလည်း လွယ်ကူပါတယ်။ သူ့ရဲ့ App ထဲ ဝင်ကြည့်လိုက်မယ်ဆိုရင် Dark Theme နဲ့ အရင်မြင်ရပြီး Cinemax ၊ HBO HD နဲ့ Animal Planet စတဲ့ နာမည်ကျော် TV Channels တွေကို Live TV အပိုင်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းကတော့ ရုပ်ရှင်များဆိုတဲ့ အပိုင်းပါပဲ။

Cookie TV user interface

ဘယ်လိုကြည့်ရမလဲလို့ စနည်းနာကြည့်တဲ့အခါ Cookies အမှတ်လေးတွေနဲ့ ကြည့်ရတာကို တွေ့ရပါတယ်။ ဥပမာ သူတို့ရဲ့ Yoe Shinn Plan ဆိုရင် ရက် ၃၀ ကို Cookies 4900 ၊ Hti Sha Plan ဆိုရင် ရက် ၃၀ ကို Cookies 7900 နဲ့ Movie Album (လစဉ်ကြည့်) ဆိုရင် ရက်ပေါင်း ၃၀ ကို Cookies 2000 ဆိုပြီး ဝယ်ကြည့်ရတာ ဖြစ်ပါတယ်။

 

Profile အောက်က ကိုယ့်နာမည်အောက်မှာ ကိုယ့်ရဲ့ Referral Code ရှိပြီး ဒီ Code နဲ့ ကိုယ့်သူငယ်ချင်းတွေက Cookie TV မှာ Sign Up လုပ်ရင် ကိုယ့်ဆီကို Bonus Cookies ရောက်ရှိလာမယ်လို့ ဆိုထားပါတယ်။

Cookie TV Referral Code

ခေါင်းလောင်းပုံ Noti မှာတော့ Cookie TV ရဲ့ အသိပေးချက်တွေကို ဖတ်လို့ ရမှာ ဖြစ်ပါတယ်။ Referral Code ရဲ့ အောက်မှာတော့ ကိုယ့်မှာ ရှိတဲ့ Cookies တွေ ပြပေးထားပြီး Bonus Cookies စတာတွေပါ ပြထားပေးတာ ဖြစ်ပါတယ်။

Cookie TV Notification

 

Cookie ဖြည့်ရန် နေရာမှာတော့ Cookies ဝယ်လို့ Payment ၄ ခုပြထားပြီး Mobile Banking အနေနဲ့ဆိုရင် KBZ ၊ Phone Bill နဲ့ဆိုရင် MPT ၊ Telenor ၊ Ooredoo နဲ့ Mytel ၊ တခြား Payment တွေအနေနဲ့ Wave Money နဲ့ Apple In-App Purchase ဆိုပြီး ရွေးစရာတွေ တွေ့ပါတယ်။ Cookies တွေရဲ့ 1 Cookie = ၁ ကျပ်ပါပဲ။

Cookie TV payment plans

ကြည့်မယ်ဆိုရင်တော့ Yoe Shinn Plan မှာ ရွေးချယ်ထားတဲ့ Channel နဲ့ Catch-up အစီအစဉ်ပါပြီး Yoe Shinn Plan ဝယ်ရင် Movie Album (Add-on) ဈေးနှုန်း ၂၀၀၀ Cookie ကို ၁၀၀၀ ကျပ်နဲ့ ရနိုင်မယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ Hti Sha Plan ကတော့ All Channel & Catch-up လို့ ဆိုတဲ့အတွက် Channel အားလုံး မလွတ်တမ်းကြည့်ချင်တဲ့သူတွေ အဆင်ပြေစေနိုင်ပါတယ်။ Catch-up ဆိုတာကတော့ ကိုယ်လွတ်သွားတဲ့ ရုပ်သံအစီအစဉ်ကို ၁ပတ်အတွင်း Cookie TV မှာ ပြန်ကြည့်လို့ ရတာကို ပြောတာ ဖြစ်ပြီး တချို့ Channel တွေအတွက်တော့ မူပိုင်ခွင့် သဘောတူညီချက်တွေအရ Catch-up မရဘူးလို့ ဆိုပါတယ်။

Cookie TV Plans

App ရဲ့ အနေအထားကို ပြောပြီးပြီဆိုတော့ ကျွန်တော့်ရဲ့ အမြင်ကို ပြောရရင် MTV ၊ Discovery စတဲ့ TV Channel တွေကို ကြည့်ရတာ ကြိုက်တဲ့ လူတွေအတွက်တော့ ဖုန်းထဲမှာပါ ကြည့်နိုင်တာမို့ တော်တော်အဆင်ပြေတဲ့သဘောရှိပါတယ်။ Channel တွေကလည်း Channel အကောင်းတွေ များပါတယ်။ တစ်မိနစ်အစမ်းကြည့်ရှုခွင့်နဲ့လည်း ရွေးချယ်ရလွယ်စေပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေကတော့ Movie Album ရှိသလို Pay Per Movie စနစ်လည်း ရှိနေပါတယ်။ ဇာတ်ကားတွေကို ကြေညာထားပုံ၊ Popular ၊ A to Z စီပုံနဲ့ Release စတာတွေ ခွဲထားတာကတော့ သပ်ရပ်ပါတယ်။ အင်္ဂလိပ်စာတန်းထိုးနဲ့ မြန်စာတန်းထိုး နှစ်မျိးလုံးရတယ်ဆိုတဲ့အတွက် အရင်လို မြန်မာစာတန်းထိုးအလွဲရှိရင်လည်း အင်္ဂလိပ်ကို ပြောင်းကြည့်လို့ ရလောက်ပါတယ်။

Cookie TV Movies List

Pay Per Movie နဲ့ဆိုရင် Download လည်း လုပ်လို့ရတဲ့အတွက် ကျွန်တော်ဆိုရင် Wifi ရတဲ့ အချိန် ဒေါင်းထားပြီးတော့ တMy Downloads ဆိုတဲ့နေရာမှာ ပြန်ကြည့်ပါတယ်။ ချွင်းချက်အနေနဲ့ ဇာတ်ကားတိုင်း Download မရတာတော့ ရှိပါတယ်။ အခု သူတို့ဘက်ကနေ Download ဆွဲတဲ့အခါ Data စားတာကို ၅၀% လောက် လျှော့နိုင်တဲ့ နည်းပညာမြှင့်တင်မှုလုပ်ထားတယ်ဆိုတော့ ဖုန်းအင်တာနက်နဲ့ သုံးတဲ့သူတွေအတွက် တကယ်ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။

Cookie TV pay per movie

နောက်ထပ်သဘောကျမိတဲ့အချက်ကတော့ ကိုယ်ကပဲ App ထဲမှာ Active မဖြစ်လို့ ဖြစ်ဖြစ်၊ မအားလို့ ဖြစ်ဖြစ် မကြည့်လို့ Cookie တွေရှိနေရင် တခြားသူဆီကို Cookie လှမ်းလွှဲလို့ ရတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ရုံတင်ပြီးတဲ့ ရုပ်ရှင်တွေကို အချိန်အကြာကြီး စောင့်စရာမလိုဘဲ App ထဲမှာ ကြည့်လို့ ရတဲ့ အားသာချက်လို့ ထင်ပါတယ်။ အားနည်းချက်ကတော့ ရုပ်ရှင်တစ်ကားကို စပြီး ကြည့်ရှုလိုက်တာနဲ့ ၇၂ နာရီအတွင်း ပြီးအောင် ကြည့်ရမှာမို့ တကယ်အားတော့မှ ကြည့်ဖို့ အကြံပေးချင်ပါတယ်။ မေ့သွားလို့ကတော့ ပြီးပါလေရောပေါ့။

ဒါကြောင့် Cookie TV အကြောင်းကို ခြုံငုံသုံးသပ်တဲ့အခါ နိုင်ငံခြားရုပ်သံအစီအစဉ်ကြိုက်သူတွေနဲ့ ဖုန်းကနေပဲ ဇာတ်ကားတွေ ၊ အစီအစဉ်တွေကို ခံစားချင်သူတွေအတွက် တော်တော်လေး အဆင်ပြေတဲ့ App ဖြစ်ပြီး ဒီထက် Channel တွေ စုံ၊ ဇာတ်ကားတွေ စုံရင်တော့ ပိုကောင်းပါသွားမယ်လို့ ယူဆရပါတယ်။

နောက်ထပ်သတင်းကောင်းတစ်ခုကတော့ Ooredoo အသုံးပြုသူတွေအနေနဲ့ Cookie TV ကို စပြီး Sign Up လုပ်ကာ Live TV Channels တွေ ဖြစ်တဲ့ HBO, MTV, Fox Sports နဲ့ Discovery စတာတွေကို ကြည့်မယ်ဆိုရင် ၃ လ အခမဲ့ကြည့်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ကြည့်ခွင့်ရတဲ့အထဲမှာ Game of Thrones final season ပါ ပါဝင်မှာ ဖြစ်တဲ့အတွက် အရမ်းကို မိုက်ပါတယ်။ အဲဒီ ၃ လပြီးရင်တော့ တခြားအသုံးပြုသူတွေလိုပဲ ၄၉၀၀ ကျပ်ကနေ ၇၉၀၀ ကျပ်အထိရှိတဲ့ Montly Plan တွေ ဝယ်ကြည့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Sam

www.internetinmyanmar.com

AF

Anna is a journalist specializing in Myanmar's media landscape, digital rights, and internet freedom. She has closely followed the military junta's systematic censorship of online information since the 2021 coup.