မြန်မာနိုင်ငံတွင်းရှိ Fiber Broadband Internet ကုမ္ပဏီများ
⚠️ First published in 2019. Some figures may be outdated.
မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး နှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ အင်တာနက်သည်လည်း ကျွန်တော်တို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ် ပါဝင်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဖိုင်ဘာအင်တာနက်လိုင်းကို လုပ်ငန်းသုံးအင်တာနက် နှင့်် လူနည်းစုမှသာအိမ်သုံးအင်တာနက်အဖြစ် တပ်ဆင်အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ် တနည်းအားဖြင့် နည်းပညာအပြိုင်ဆိုင်ခေတ်တွင်မူ ဖိုင်ဘာအင်တာနက်လိုင်းများ၏ ဈေးနှုန်းများမှာ ထင်မှတ်မထားလောက်အောင် အပြိုင်အဆိုင်ဖြစ်လာခဲ့ပါတယ်။
အပြိုင်အဆိုင်ဆိုတဲ့ စကားအတိုင်း ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကလည်း လျော့ဈေးတွေနဲ့ ရောင်းချခဲ့တာဟာလည်း ၂ နှစ်စွန်းစွန်း ၃နှစ်တာ အချိန်ကာလကိုရောက်ရှိလာခဲ့ပါပြီ။ အဲ့ဒါကြောင့် အခု ကျွန်တော်တို့ Internet in Myanmar က မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီအချို့အကြောင်းကို လက်လှမ်းမီသလောက်ပြောပြပေးချင်ပါတယ်ခင်ဗျာ။
5BB broadband
5BB broadband ကို ၂၀၁၇ မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ကနဦးအစကတည်းက လူကြိုက်များခဲ့တဲ့အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်ပြီး လတ်တလောမြန်မာနိုင်ငံရဲ့ ဖိုင်ဘာအင်တာနက်ဈေးကွက်ကို ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုလို့လည်း ပြောလို့ရပါတယ်။ Globle Net ကုမ္ပဏီရဲ့ ခြေလှမ်းသစ်ဖြစ်တဲ့အတွက် ဖိုင်ဘာအင်တာနက်လုပ်ငန်းမှာ အတွေ့အကြုံကောင်းတွေရှိပြီးသားလို့ပြောလို့ရပါတယ်။ Globle Net ကုမ္ပဏီအနေဖြင့် အရင်ကတည်းက မြန်မာနိုင်ငံရဲ့ B2B Service လုပ်ငန်းမှာ ဦးဆောင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် Globle Net ကုမ္ပဏီသည် ရန်ကုန်မြို့တွင်သာမက မန္တလေး ၊ ပြည်၊ ပဲခူး ၊ မော်လမြိုင်မြို့စသည့် မြို့များကိုပါ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု ပေးနေပါတယ် ။

MPT FTTH
မြန်မာနိုင်ငံရဲ့သက်တမ်းအကြာဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်ပြီး ဖိုင်ဘာအင်တာနက်ဈေးကွက်တွင်လည်းနှစ်ပေါင်းအတော်ကြာရပ်တည်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သြဂုတ်လ ၂၀၁၇ မှာ ပန်းဘဲတန်းမြို့နယ်မှာရှိတဲ့ ဖိုင်ဘာအင်တာနက်အတွက်ရုံးချူပ်ကို ဖွင့်လှစ်ခဲ့ပြီး ဈေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ရန်ကုန်မြို့၏ တချိူ့သောနေရာများတွင်သာ ရရှိပြီး အခုအခါတွင်မူ ရန်ကုန် ၊ မန္တလေး နှင့် တောင်ကြီး စတဲ့မြို့တွေမှာပါ အသုံးပြုလို့ရနေပါပြီ။
Myanmar Speednet
ဖိုင်ဘာအင်တာနက်ဈေးကွက်ကို အသစ်ဝင်ရောက်လာတဲ့ကုမ္ပဏီတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဈေးကွက်ကို ဝင်ရောက်စအချိန်မှာ ဖိုင်ဘာအင်တာနက်ဈေးနှုန်း အပြိုင်အဆိုင် ဖြစ်နေခဲ့တဲ့အတွက် လူသိနည်းခဲ့သော်လည်း ယခုအခါတွင် ဈေးနှုန်းအသက်သာဆုံးလို့လည်း သတ်မှတ်လို့ရပါတယ်။ အသေးစိတ်ကိုတော့ ဒီမှာဖတ်လို့ရပါတယ်။

http://www.mmspeednet.com/homeplan.html
Myanmarnet
အဝသုံးအင်တာနက်ကြောင့် သုံးစွဲသူတွေရဲ့ အားပေးမှုကိုအခိုင်အမာရထားတဲ့ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ မြန်မာနက် ရဲ့ အဝသုံးအင်တာနက်ကိုသာမက အိမ်သုံးရုံးသုံး ဖိုင်ဘာအင်တာနက်ကိုပါ ရန်ကုန်မြို့တွင်း နေရာတော်တော်များများမှာ အသုံးပြုလို့ရနေပြီပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအသေးစိတ်တွေကိုတော့ ဒီ link လေးမှာဖတ်ကြည့်လို့ရပါတယ် >> https://www.myanmarnet.com.mm/product/
Mytel
မြန်မာနိုင်ငံရဲ့ စတုတ္ထဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပေမယ့်လည်း ဆက်သွယ်ရေးဈေးကွက်ထဲကို စတင်ဝင်ရောက်လာစကတည်းက လူထုအားပေးမှုကိုရရှိခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဈေးကွက်ထဲသို့ရောက်ပြီး မကြာခင်မှာပဲ အိမ်သုံး နှင့် ရုံးသုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို မမျှော်လင့်ထားတဲ့ ဈေးနှုန်း မြန်ဆန်တဲ့ ဝန်ဆောင်မှု စတဲ့အားသာချက်တွေနဲ့ မြန်မာ့အင်တာနက် ဈေးကွက်ကိုထိုးဖောက်လာခဲ့ပါတယ်။

Ooredoo Supernet Fiber
Fiber Internet ဈေးကွက်ကို အောက်တိုဘာလ ၂၀၁၈ ခုနှစ်မှာစတင်ဦးဆောင်လာခဲ့ပါတယ်။ ရတနာပုံတယ်လီပေါ့ရဲ့ Partner ဖြစ်ပြီး အခြား Broadband တွေနဲ့မတူဘဲ မန္ကလေးကနေစတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုစီးပွားရေး အခြေခံအုတ်မြစ်ကောင်းတွေအပြင် စစချင်းမှာပဲ 8Mbps package ဝယ်ယူသူတိုင်းကို Iflix ၆ လစာအခမဲ့သုံးစွဲခွင့်ပေးခဲ့တာကြောင့် ရန်ကုန်မှာလည်း Ooredoo ရဲ့ Super Net က နေရာရလာခဲ့ပါတယ်။

Telenor Fiber
မြန်မာနိုင်ငံရဲ့ဖိုင်ဘာအင်တာနက်ဈေးကွက်ကို ဦးဆောင်ဖို့ကြိုးစားနေတဲ့ တယ်လီကွန်းကုမ္ပဏီ တွေထဲကတစ်ခု ဖြစ်ပါတယ်။ဖိုင်ဘာအင်တာနက် ဈေးနှုန်းအနေဖြင့် အခြားကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက ကနဦးအစကတည်းက ဈေးနှုန်းကွာခြားချက်ကြီးကြီးမားမားရှိခဲ့ပါတယ်။ အခုချိန်မှာတော့ တယ်လီနောရဲ့ Iflix unlimited access promotion ကြောင့်သုံးစွဲသူများ အရင်ကထက်ပိုများလာခဲ့တယ်။

TrueNet
Truenet ကတော့အစပိုင်းမှာ ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုများပေးခဲ့ပြီး အဲ့ဒီ့နောက်မှာတော့ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုဈေးကွက်ဆီသို့ ဦးတည်လာခဲ့ပါတယ်။ လူသိနည်းခဲ့ပေမယ့်လည်း ဈေးကွက်မှာထိုးဖောက်ဖို့ကြိုးစားခဲ့တာကြောင့် ရန်ကုန်မြို့မှာရှိတဲ့မြို့နယ် တော်တော်များများအပြင် အခုဆိုရင် မန္တလေးမြို့ရဲ့ ၉၀ % ထိအသုံးပြုလို့ရနေပါပြီ။
Yatanarpon Teleport
မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေတစ်ခု ဖြစ်ပြီး ယနေ့ထိတိုင်အောင် သုံးစွဲသူတွေရဲ့စိတ်ကျေနပ်မှုကို ရရှိနေတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဈေးနှုန်းအပြောင်းလဲအချို့ပြုလုပ်ခဲ့ပြီး အခုချိန်ထိ ဖိုင်ဘာအင်တာနက်ဈေးကွက်မှာ အခိုင်အမာတည်ရှိနေတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။
Unilink
ဖိုင်ဘာအင်တာနက်သုံးစွဲသူတွေဆီကို မထင်မှတ်ထားတဲ့ Marketing နည်းပညာတွေနှင့် ဖိုင်ဘာအင်တာနက်ဈေးကွက်ကို တဖြည်းဖြည်းချင်းဝင်ရောက်လာခဲ့တဲ့ မြန်မာ-တရုတ် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် စတဲ့ မြို့ကြီးတွေအပြင် အခြားမြို့ ၁၈ ခု မှာလည်း တပ်ဆင်အသုံးပြုလို့ ရနေပြီပဲဖြစ်ပါတယ်။

Welink
Unilink နည်းတူ Welink သည်လည်း မြန်မာ့ဖိုင်ဘာအင်တာနက်ဈေးကွက်သို့ရောက်ရှိလာခဲ့သည်မှာ ကာလအပိုင်းအခြားတစ်ခုသို့ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ Welink အနေဖြင့် ရန်ကုန်မြို့တွင်သာမက တောင်ကြီး ၊ လားရှိုး နှင့် မော်လမြိုင်မြို့တို့တွင်ပါ သုံးစွဲသူအများအပြားကို ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
Are you looking for a fiber broadband provider? Try our Internet broadband finder tool and receive customized offers directly into your mailbox!
Anna is a journalist specializing in Myanmar's media landscape, digital rights, and internet freedom. She has closely followed the military junta's systematic censorship of online information since the 2021 coup.